လုပ်ငန်းခွင်ဝင်အကြိုသင်တန်းအမှတ်စဉ်(၂/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ နိုဝင်ဘာလ ၁၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ လုပ်ငန်းခွင်ဝင်အကြိုသင်တန်းအမှတ်စဉ်(၂/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၈-၁၁-၂၀၁၉ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံမှ သင်တန်းဆိုင်ရာစည်းကမ်းချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီး အဆိုပါသင်တန်းကို ၁၈-၁၁-၂၀၁၉ ရက်နေ့ မှစ၍ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် လုပ်ငန်း ခွင်ဝင်အကြိုသင်တန်းအမှတ်စဉ်(၂/၂၀၁၉)တွင် သင်တန်းသား/သင်တန်းသူ (၃၂) ဦးတို့ တက် ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။