အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းများ(Intermediate Level) အမှတ်စဉ်(၁/၂၀၁၉)နှင့် (Pre-Intermediate Level) အမှတ်စဉ် (၂/၂၀၁၉)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ နိုဝင်ဘာလ ၁၅ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းများ(Intermediate Level) အမှတ်စဉ်(၁/၂၀၁၉)နှင့် (Pre-Intermediate Level) အမှတ်စဉ် (၂/၂၀၁၉)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၅-၁၁-၂၀၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းနည်းပြမှ မိတ်ဆက်စကားပြောကြားခြင်း၊ သင်တန်းတာဝန်ခံမှ သင်တန်း ဆိုင်ရာစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို ၁၆-၁၁-၂၀၁၉ ရက်နေ့ မှစ၍ (၃)လ ကြာဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသင်တန်းများ(Intermediate Level) အမှတ်စဉ်(၁/၂၀၁၉)တွင် သင်တန်းသား/သင် တန်းသူ (၃၉)ဦးနှင့် (Pre-Intermediate Level) အမှတ်စဉ် (၂/၂၀၁၉)တွင် သင်တန်းသား/သင် တန်းသူ (၆၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၀၀) နာရီအချိန်တွင်ရုပ် သိမ်းခဲ့ပါသည်။