ခုံသမာဓိကောင်စီ၏ Gust Myanmar Co.,Ltd နှင့် ဒေါ်အေးသူဇာပါ အလုပ်သမား (၉၆)ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၉/၂၀၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းဧရာလမ်း ၊ အမှတ် (၇၉)ရှိ Gust Myanmar Co.,Ltd ၊ Mrs.Dong Lei (အလုပ်ရှင်) ၊ Mr.WANG XIAOFEI ( အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်အေးသူဇာပါ အလုပ်သမား (၉၆)ဦးတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ သောင်းစိန် အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေ ထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၉/၂၀၂၀) ဖြင့် ၂၄-၂-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (82)