ခုံသမာဓိကောင်စီ၏ Myanmar Unique Garments MFG Co.,Ltd နှင့် ဒေါ်ဝေမာစိုးပါ အလုပ်သမား (၈)ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်(၄) ၊ ဝက်မစွပ်ဝန်ထောက်လမ်း ၊ အမှတ်(၁၂၉)ရှိ Myanmar Unique Garments MFG Co.,Ltd ၊ Mr.Chu Pu Hao (အလုပ်ရှင်) ၊ ဒေါ်ခိုင်ဇင်ဦး (HR Manager/အလုပ်ရှင်၏အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်ဝေမာစိုးပါ အလုပ်သမား (၈)ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း ၊ အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးတင်ထွန်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီးခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၇၅/၂၀၂၀) ဖြင့် ၁၃-၇-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (24)