ခုံသမာဓိကောင်စီ၏ China Profit Myanmar Co.,Ltd (ရေလျှော်စက်ရုံ) နှင့် ဦးကျော်ဇင်ထိုက်ပါ အလုပ်သမား (၇)ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်(၂) ၊ မြေတိုင်းအမှတ်(၄၉) ၊ လှေသင်းအသင်းဝန်ဦးချိန်လမ်း ၊ အမှတ်(၂၁)ရှိ China Profit Myanmar Co.,Ltd (ရေလျှော်စက်ရုံ)၊ Mr.Zheng Dun Hua (အလုပ်ရှင်) ၊ ဒေါ်မေချိုခိုင်(ခ)ဒေါ်မေလရိပ် (HR Manager/အလုပ်ရှင်၏အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးကျော်ဇင်ထိုက်ပါ အလုပ်သမား (၇)ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း ၊ အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးတင်ထွန်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီးခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၇၄/၂၀၂၀) ဖြင့် ၁၅-၇-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (35)