ခုံသမာဓိကောင်စီ၏ Myanmar Ao Sheng Leather Goods Co.,Ltd နှင့် ဦးအာကာမင်းထက်ပါ အလုပ်သမား(၉)ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြသရဖီလမ်း ၊ အမှတ်(B-3)ရှိ Myanmar Ao Sheng Leather Goods Co.,Ltd ၊ Mr.Xu Ping (အလုပ်ရှင်) ၊ ဒေါ်မေသူမို့မို့(Manager/အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးအာကာမင်းထက်ပါ အလုပ်သမား(၉)ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှု မရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း ၊ အဖွဲ့ဝင်များဖြစ်သော ဒေါ်မြတ်မြတ်ကျော် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီးခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၆၈/၂၀၂၀) ဖြင့် ၁၄-၇-၂၀၂၀ ရက်နေ့တွင် အောက်ပါ အတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (18)