ခုံသမာဓိကောင်စီ၏ ခိုင်ရတနာဝင်းပြောင်းဆန်လုပ်ငန်း နှင့် ဦးအေးမင်းသူ အလုပ်သမားတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇုန် ၊ ဝက်မစွပ်ဝန်ထောက်လမ်း ၊ အမှတ်(၃၁၈)ရှိ ခိုင်ရတနာဝင်းပြောင်းဆန်လုပ်ငန်း ၊ ဦးထွဋ်ခိုင်ဝင် (Managing Director/အလုပ်ရှင်) ၊ ဒေါ်ဆုမြတ်အောင်(ဥပဒေအကြံပေး/အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးအေးမင်းသူ အလုပ်သမားတို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့ မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း ၊ အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင် သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီးခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၆၇/၂၀၂၀) ဖြင့် ၆-၇-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (30)