ခုံသမာဓိကောင်စီ၏ Jiangsu Zhenjiang Installing Engineering Co.,Ltd နှင့် ဦးစိုးနိုင်ထွန်းတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၆/၂၀၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၅) ၊ အနော်ရထာလမ်းမကြီး ၊ အမှတ် (၁၂-ခ/၁၃/၁၄/၁၅-က)ရှိ Jiangsu Zhenjiang Installing Engineering Co.,Ltd ၊ Mr.Wu Jun (အလုပ်ရှင်) ၊ ဒေါ်သန္တာစိုးမြင့် ( HR Manager) (အလုပ်ရှင်၏အထူးကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူ) နှင့် ဦးစိုးနိုင်ထွန်းပါ အလုပ်သမား (၇)ဦးတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက် ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် အဖွဲ့ဝင်များဖြစ်သော ဒေါက်တာစောယုဝင်း နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၆/၂၀၂၀) ဖြင့် ၁၄-၂-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (54)