ခုံသမာဓိကောင်စီ၏ Able Better Garment Co.,Ltd (အထည်ချုပ်စက်ရုံ) နှင့် ဒေါ်စန်းစန်းလွင်တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ၊ မြောင်းတကာစက်မှုဇုန် ၊ စက်မှု(၁)လမ်း ၊ အမှတ်(၁၁၁)ရှိ Able Better Garment Co.,Ltd (အထည်ချုပ်စက်ရုံ) ၊ Mr.Zhao Gan Yu (အလုပ်ရှင်) ၊ ဦးဝင်းနိုင်လုံ (HR Manager/အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်စန်းစန်းလွင် တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား မှော်ဘီမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် ၊ အဖွဲ့ဝင်များဖြစ်သော ဒေါက်တာ စောယုဝင်း နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူ နှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၅၇/၂၀၂၀) ဖြင့် ၁၇-၆-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (65)