ခုံသမာဓိကောင်စီ၏ Ruifa Enterprise Co.,Ltd (အိတ်ချုပ်စက်ရုံ) နှင့် ဦးထက်အောင်ဖြိုးပါ အလုပ်သမား(၄)ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇုန် ၊ ပိတောက်လမ်း ၊ အမှတ်(၄၉၈)ရှိ Ruifa Enterprise Co.,Ltd (အိတ်ချုပ်စက်ရုံ) ၊ Mr.Dai Jian Wei & Mr.Xu Xun Chang (အလုပ်ရှင်) ၊ ဒေါ်အိရွှေဇင်စိုး (HR Manager/အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးထက်အောင်ဖြိုးပါ အလုပ်သမား(၄)ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန် ၊ အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူ နှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေ ထွက်ဆိုချက်များ အပေါ် အခြေခံ၍ အမှုအမှတ် (၅၅/၂၀၂၀) ဖြင့် ၁၅-၆-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (52)