ခုံသမာဓိကောင်စီ၏ Myanmar LNY Caps Co.,Ltd (ဦးထုပ်စက်ရုံ) နှင့် ဒေါ်ထက်ထက်ဝင်း (စက်ချုပ်)တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ ရွှေသံလွင်စက်မှုဇုန် ၊ မလိခလမ်း ၊ အမှတ် (၂၈)ရှိ Myanmar LNY Caps Co.,Ltd (ဦးထုပ်စက်ရုံ) ၊ Mr.Li Ming (အလုပ်ရှင်) ၊ ဒေါ်ကြူကြူဝင်း (HR မန်နေဂျာ/ အလုပ်ရှင်၏အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်ထက်ထက်ဝင်း (စက်ချုပ်) တို့အကြား ဖြစ်ပွား သော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန် ၊ အဖွဲ့ဝင်များဖြစ် သော ဦးသန်းမောင် နှင့် ဦးသိန်းကြွယ် တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက် ဆိုချက်များ အပေါ် အခြေခံ၍ အမှုအမှတ် (၄၄/၂၀၂၀) ဖြင့် ၁-၆-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (63)