ခုံသမာဓိကောင်စီ၏ Hand Steel Power Co.,Ltd (သံရည်ကျိုနှင့်သံနန်းဆွဲစက်ရုံ) နှင့် ဦးသက်နောင်ပါ(၆)ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ၊ မြောင်းတကာစက်မှုဇုန် ၊ ဟန်းစတီးပါဝါလမ်း ရှိ Hand Steel Power Co.,Ltd (သံရည်ကျိုနှင့်သံနန်းဆွဲစက်ရုံ) ၊ ဦးကျော်စိန် (အလုပ်ရှင်) ၊ Mr.Lin Zong ၊ ဦးစိုင်းကျော်မင်းထွေး (စကားပြန်/အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးသက်နောင်ပါ(၆)ဦးတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ ၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် ၊ အဖွဲ့ဝင်များ ဖြစ်သော ဒေါ်မြတ်မြတ်ကျော် နှင့် ဦးမောင်မောင်အေး တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေ ထွက်ဆိုချက်များ အပေါ် အခြေခံ၍ အမှုအမှတ် (၄၁/၂၀၂၀) ဖြင့် ၃-၆-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (60)