ခုံသမာဓိကောင်စီ၏ Lat War-2 Co.,Ltd (အထည်ချုပ်စက်ရုံ) နှင့် ဦးနိုင်လင်းတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်(၂) ၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းနှင့် မင်းကြီးမဟာမင်းခေါင်လမ်းထောင့် ၊ အမှတ် (၁)ရှိ Lat War-2 Co.,Ltd (အထည်ချုပ်စက်ရုံ) ၊ ဒေါက်တာခင်မောင်အေး (အလုပ်ရှင်) ၊ ဦးထွန်းထွန်းမြင့် (မန်နေဂျာ/အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးနိုင်လင်းတို့အကြား ဖြစ်ပွား သော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဇော်မင်း ၊ အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၃၉/၂၀၂၀) ဖြင့် ၂၉-၅-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (61)