ခုံသမာဓိကောင်စီ၏ Full Way Myanmar Clothing Co.,Ltd (အထည်ချုပ်စက်ရုံ) နှင့် ဒေါ်အေးသင်္ကြန်မေပါ အလုပ်သမား ၃ ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းဧရာလမ်း ၊ အမှတ် (၈၃)ရှိ Full Way Myanmar Clothing Co.,Ltd (အထည်ချုပ် စက်ရုံ) ၊ Mr.Fu Ching Gina (အလုပ်ရှင်) ၊ ဒေါ်ကလျာမိုး (HR/အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်အေးသင်္ကြန်မေပါ အလုပ်သမား ၃ ဦးတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဇော်မင်း ၊ အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၃၈/၂၀၂၀) ဖြင့် ၂၈-၅-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (67)