ခုံသမာဓိကောင်စီ၏ Myanmar Pou Chen Co.,Ltd နှင့် ဦးခန့်စည်သူပါ အလုပ်သမား ၅ ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ သာဓုကန်စက်မှုဇုန် ၊ အမှတ်(၄)လမ်းမကြီး ၊ အမှတ် (၁၁၂/၁၂၁)ရှိ Myanmar Pou Chen Co.,Ltd ၊ Mr.Ou Chen Nan (အလုပ်ရှင်) ၊ ဒေါ်သူသူထွန်း (HR/အလုပ်ရှင်၏အထူး ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ)နှင့် ဦးခန့်စည်သူပါ အလုပ်သမား ၅ ဦးတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်း ဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန် ၊ အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးသိန်းကြွယ် တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၃၇/၂၀၂၀) ဖြင့် ၂၀-၅-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (69)