ခုံသမာဓိကောင်စီ၏ Hunter Myanmar Apparel Co.,Ltd နှင့် ဒေါ်မေသန္တာပါ အလုပ်သမား ၃၁ ဦးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်(၄) ၊ မြဝတီမင်းကြီးလမ်း ၊ အမှတ် (၂၈/၂၉)ရှိ Hunter Myanmar Apparel Co.,Ltd ၊ Mrs.Xue Jian (အလုပ်ရှင်) ၊ ဒေါ်မိုးပွင့် (HR Manager/အလုပ်ရှင်၏အထူး ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ)နှင့် ဒေါ်မေသန္တာပါ ၃၁ ဦး အလုပ်သမားတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် ၊ အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၃၆/၂၀၂၀) ဖြင့် ၁၃-၅-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည်အစုံ.. (50)