ခုံသမာဓိကောင်စီ၏ Sunshine Concrete Co.,Ltd နှင့် ဦးမောင်ဌေး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်(၇) ၊ ဆိပ်ကမ်းသာလမ်း ၊ အမှတ် (၁၂၅)ရှိ Sunshine Concrete Co.,Ltd ၊ ဦးမြင့်စိုး (အလုပ်ရှင်) ၊ ဦးစောစိန်အောင် (ခ) ဦးသီဟအောင် (GM/အလုပ်ရှင်၏အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ)နှင့် ဦးမောင်ဌေး အလုပ်သမားတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန် ၊ အဖွဲ့ဝင်များဖြစ်သော ဦးလှထွန်းခိုင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၃၄/၂၀၂၀) ဖြင့် ၈-၅-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (34)