ခုံသမာဓိကောင်စီ၏ First Star Co.,Ltd နှင့် ဦးကျော်ဌေး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏမြို့ ၊ ဇေယျာသုခလမ်း ၊ အမှတ် (၈၅)ရှိ First Star Co.,Ltd ၊ ဦးကျော်ထူး (ဒါရိုက်တာ) နှင့် ဦးကျော်ဌေး (GM/အလုပ်သမား)တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား သင်္ဃန်းကျွန်းမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှု အပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း ၊အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးသင်းမောင်ဆွေ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှတောင်း ဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆို ချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၃၁/၂၀၂၀) ဖြင့် ၈-၅-၂၀၂၀ ရက်နေ့တွင် အောက်ပါ အတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (31)