ခုံသမာဓိကောင်စီ၏ Omni Focus Co.,Ltd (YBS 20) နှင့် ဦးအောင်ကိုဝင်း(အလုပ်သမား) တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂၉/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းအနီး၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ဦးထွန်းတောက်ဝင်း (အလုပ်ရှင်)၊ ဦးလှမြင့် (မန်နေဂျာ/အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ နှင့် အလုပ်သမား ဦးအောင်ကိုဝင် တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးတင်ထွန်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၉/၂၀၁၉) ဖြင့် ၉-၁၂-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (65)