ခုံသမာဓိကောင်စီ၏ Eslite Garments Co.,Ltd နှင့် ဦးသန့်ဇင်ဝင်းပါ (၂)ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇုန် ၊ မောင်ကျန်းသီးလမ်း ၊ အမှတ် (၁၇၇)ရှိ Eslite Garments Co.,Ltd ၊ Mr.Lin Chiu Chun (အလုပ်ရှင်) ၊ ဦးနေမျိုးဌေး (HR Manager/ အထူးကိုယ်စားလှယ်လွဲအပ်ခြင်းခံရသူ) နှင့် ဦးသန့်ဇင်ဝင်းပါ (၂)ဦးတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန် ၊အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆို ချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၈/၂၀၂၀) ဖြင့် ၄-၅-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (51)