ခုံသမာဓိကောင်စီ၏ Dream Vision Co.,Ltd နှင့် ဒေါ်အိနန္ဒာမောင် (ခ) ဒေါ်က္ကန္ဒြာကျော် တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၊ မေယုလမ်းနှင့်အောက်ပုဇွန်တောင်လမ်းထောင့် ၊ မေယုအိမ်ရာ ၊ အမှတ် (၁၃၉/၁၇၁-က)ရှိ Dream Vision Co.,Ltd ၊ ဦးဇော်သက်မောင် (CEO) ၊ ဦးသန်းမောင် (Director/ အထူးကိုယ်စားလှယ်လွဲအပ်ခြင်းခံရသူ) နှင့် ဒေါ်အိနန္ဒာမောင် (ခ) ဒေါ်က္ကန္ဒြာကျော် တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား သာကေတမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း ၊အဖွဲ့ဝင်များဖြစ်သော ဒေါ်မြတ်မြတ်ကျော် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၇/၂၀၂၀) ဖြင့် ၈-၄-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (90)