ခုံသမာဓိကောင်စီ၏ Yangon Bus Public Co.,Ltd (YBPC) နှင့် ဦးမြင့်သိန်း (ဂိတ်မှူး) တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၊ ၁၀/မြောက်ရပ်ကွက် ၊ ရတနာပုံ (၂)လမ်း ၊ အမှတ် (၁၈၆/ဃ)ရှိ Yangon Bus Public Co.,Ltd (YBPC) ၊ ဒေါက်တာကျော်မေဦး (အလုပ်ရှင်) ၊ ဦးကိုလေး(ဒုတိယမန်နေဂျာ) (89/72 ယာဉ်လိုင်းတာဝန်ခံ/ အထူးကိုယ်စားလှယ်လွဲအပ်ခြင်းခံရသူ) နှင့် ဦးမြင့်သိန်း (ဂိတ်မှူး) တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား သာကေတမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိ ကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း ၊အဖွဲ့ဝင်များဖြစ်သော သန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်း ခံရ သူတို့တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၆/၂၀၂၀) ဖြင့် ၈-၄-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (65)