ခုံသမာဓိကောင်စီ၏ Yangon Panatex Apparel Co., Ltd နှင့် ဒေါ်အေးမြင့်အောင် ပါ (၂) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂၅/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြေတိုင်းရပ်ကွက်အမှတ် (C-12), မြေကွက်အမှတ် (၄) ရှိ Mr. Hajime Okano (အလုပ်ရှင်)၊ ဦးဇော်မင်းဦး (AGM/ အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ)၊ Yangon Panatex Apparel Co., Ltd နှင့် ဒေါ်အေးမြင့်အောင် ပါ အလုပ်သမား (၂) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား ရွှေပြည်သာမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၅/၂၀၁၉) ဖြင့် ၁၈-၁၁-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (51)