ခုံသမာဓိကောင်စီ၏ Win & Win Co.,Ltd နှင့် ဦးသိန်းထွေး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် (၄) ၊ ဗိုလ်အောင်ကျော်လမ်း၊ (၉)မိုင် ၊ Win & Win Co.,Ltd ရှိ၊ ဦးဝင်းဆွေ (အလုပ်ရှင်) ၊ ဒေါ်မိုးမိုးဆွေ (မန်နေဂျာ / အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးသိန်းထွေး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား မှော်ဘီမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် ၊အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၃/၂၀၂၀) ဖြင့် ၃၁-၃-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (31)