ခုံသမာဓိကောင်စီ၏ Green Alliance Energy Co.,Ltd နှင့် ဒေါ်နေဇာလွင်စိုးတို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂၀/၂၀၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဝင်းရွှေဝါတာဝါ ၊ အမှတ် (၃၁၀) ၊ အခန်း (၀၀၄)ရှိ Green Alliance Energy Co.,Ltd ၊ ဦးဝေဖြိုးသူ (အလုပ်ရှင်) ၊ ဦးသက်မင်းဝေ (General Mannger) (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ)နှင့် ဒေါ်နေဇာလွင်စိုး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လမ်းမတော်မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း အဖွဲ့ဝင် များဖြစ်သော ဒေါ်မြတ်မြတ်ကျော် နှင့် ဦးမောင်မောင်အေး တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၀/၂၀၂၀) ဖြင့် ၂၄-၃-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (36)