ခုံသမာဓိကောင်စီ၏ Jia Mei Carton Products Co.,Ltd နှင့် ဦးစောလားစရူး(နေ့စားယာဉ်မောင်း)တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၅/၂၀၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဦးဖိုးလှိုင်လမ်း ၊ အမှတ် (၂၂)ရှိ Jia Mei Carton Products Co.,Ltd ၊ Ms.Yu Zi Fei (အလုပ်ရှင်) ၊ ဒေါ်သီတာထွန်း နှင့် ဒေါ်တင်တင်နွဲ့ (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးစောလားစရူး(နေ့စားယာဉ်မောင်း) တို့ အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါ သဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှု အပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၅/၂၀၂၀) ဖြင့် ၁၆-၃-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (28)