ခုံသမာဓိကောင်စီ၏ Mintex (Myanmar) Industrial Co., ltd (ဇာပန်းထိုးစက်ရုံ) နှင့် ဒေါ်လဲ့လဲ့အေး ပါ (၇) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၅/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ဦးမြဲလမ်းနှင့် မြဝတီမင်းကြီးလမ်းဒေါင့်၊ အမှတ် (၂၇) ရှိ Mintex (Myanmar) Industrial Co., ltd (ဇာပန်းထိုးစက်ရုံ) ပိုင်ရှင် Mr. Wang Feng Te(အလုပ်ရှင်)၊ ဒေါ်စိစိမေ (HR Manager)(အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်လဲ့လဲ့အေး ပါ အလုပ်သမား (၇) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၅/၂၀၁၉) ဖြင့် ၁၀-၁၀-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (31)