ခုံသမာဓိကောင်စီ၏ Myanmar Yun Cheng Plate Making Co., Ltd နှင့် ဦးဇော်ဝင်းရွှေ တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၄/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ် (၁၆၂/၁၆၃)ရှိ Myanmar Yun Cheng Plate Making Co., Ltd မှ Mr. Liu Keli (အလုပ်ရှင်), ဒေါ်နှင်းအိဖြူ (P.R.M) (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးဇော်ဝင်းရွှေ (အလုပ်သမား) တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များ ဖြစ်သော ဦးလှထွန်းခိုင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၄/၂၀၁၉) ဖြင့် ၈-၁၀-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (26)