ခုံသမာဓိကောင်စီ၏ Strong Source Holding Co.,Ltd နှင့် ဒေါ်ဝင့်ငြိမ်းခိုင်တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၃/၂၀၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်ရှိ Strong Source Holding Co.,Ltd ၊ ဦးစိုးမြင့်အောင် (အလုပ်ရှင်) ၊ ဦးအောင်ဗညား (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်ဝင့်ငြိမ်းခိုင်(အလုပ်သမား) တို့အကြား ဖြစ်ပွားသော အငြင်းပွား မှုအား လမ်းမတော်မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့၏ ညှိနှိုင်း ဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီသို့ လျှောက်ထားလာမှု အပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရ သူတို့ တင်ပြသည့် သက်သေထွက် ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၃/၂၀၂၀) ဖြင့် ၂၃-၃-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (27)