ခုံသမာဓိကောင်စီ၏ Oway Travel & Tour Co.,Ltd နှင့် ဦးထွန်းလွင်ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁/၂၀၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် (က-၃) ရှိ Oway Travel & Tour Co.,Ltd အလုပ်ရှင် ဦးနေအောင် (အလုပ်ရှင်) ၊ ဦးဇော်ဇော်အောင် (အလုပ်ရှင်၏အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးထွန်းလွင်ဦးပါ အလုပ်သမား (၆)ဦူ တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား လမ်းမတော်မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိဘဲ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ညှိနှိုင်းဆောင်ရွက် ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန် အဖွဲ့ဝင် များဖြစ်သော ဒေါက်တာစောယုဝင်း နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက် များအပေါ် အခြေခံ၍ အမှုအမှတ် (၁/၂၀၂၀) ဖြင့် ၂၇-၁-၂၀၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ (95)