ရုံးခွဲတာဝန်ခံများ လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇွန် လ ၂၅ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ရုံးခွဲတာဝန်ခံများ လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၅-၆-၂၀၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သင်တန်းခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ (၃၆) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး၊ လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအား ရုံးလုပ်ငန်းများ လက်တွေ့လုပ်ဆောင်ရာတွင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သင်တန်းသား/သူ ရုံးခွဲတာဝန်ခံ (၃၈) ဦးတို့အား ၂၄-၆-၂၀၁၈ ရက်နေ့ မှ ၂၇-၆-၂၀၁၈ ရက်နေ့ထိ သင်ကြားပေးသွား မည်ဖြစ်ပါသည်။