ခရီးစရိတ် စိစစ်ခွင့်ပြုပေးခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ မတ်  လ ၄  ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊  ခရီးစရိတ်စိစစ်ခွင့်ပြုပေးခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၄-၃-၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)၊  သင်တန်းခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။   ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သုတေသနနှင့်စီမံကိန်းဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး၊ သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၄-၃-၂၀၁၈ ရက်နေ့မှ ၆-၃-၂၀၁၈ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်း သား/ သင်တန်းသူ (၅၁)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီအချိန် တွင် ရုတ်သိမ်းခဲ့ပါသည်။