အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများမှ ဆရာဝန်များ၏ Medical Reform လုပ်ငန်းစဉ်များ ဆိုင်ရာ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

နေပြည်တော်၊ ဇွန် လ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများမှ ဆရာဝန်များ၏ Medical Reform လုပ်ငန်းစဉ်များ ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၄-၆-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ များ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ(၃၇) ဉီး တို့တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးတင်ကိုကိုမှ သင်တန်းဖွင့် ပွဲအမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား/ သူများနှင့် မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရမှတ်တမ်းတင်ရိုက်ကူးကြပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းအား ၄-၆-၂၀၁၉ ရက်နေ့ (၁) ရက်တာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါကြောင်းသိရှိရပါသည်။