လူမှုဖူလုံရေးအဖွဲ့၏(၅/၂၀၁၈) လနှင့် (၆/၂၀၁၈) လအတွင်း၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းနှင့်ကွင်းဆင်းဆေးကုသမှုပေးခြင်း အခမ်းအနားများ ကျင်းပခဲ့ခြင်း

မွန်ပြည်နယ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ ပူးပေါင်း၍ ၂၄-၅-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Pro(1) မြန်မာ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၌ အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ် ဥပဒေများကို ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးနှင့် ဦးစီးအရာရှိ ဒေါ်မြတ်မင်းဝေ တို့မှ လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး စည်းကြပ်ဥပဒေကို ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကြည်အေးမှလည်းကောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးမှလည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးမှလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ပြီး အာမခံအလုပ်သမား စုစုပေါင်း(၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်တာဝန်ခံအရာရှိနှင့် မော်လမြိုင်မြို့၊ မြို့နယ်ဆေးခန်း တာဝန်ခံဆရာဝန်တို့ ပူးပေါင်း၍ ၂၅-၅-၂၀၁၈ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကတုံစိကျေးရွာရှိ ခတ္တာနန်းကုမ္ပဏီနှင့် နွန်ရော့ကုမ္ပဏီသို့ သွားရောက်၍ အာမခံအလုပ်သမား (၉၀)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက် ပေးခဲ့ပါသည်။

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဟွန်ဒါ(မြန်မာ) သစ်ပါးလွှာစက်ရုံခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၉-၅-၂၀၁၈ ရက်နေ့ တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် ဟွန်ဒါ (မြန်မာ)သစ်ပါးလွှာစက်ရုံမှ အာမခံအလုပ်သမား ဦးဟန်စိုးအောင်၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုး ခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၁,၇၆၄,၀၀၀/- ကို မွန်ပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်သင်းသင်းဦးမှ လည်းကောင်း၊ Sri Trang Ayeyar Rubber Industry Co:Ltd မှ အာမခံအလုပ်သမား ဒေါ်သွယ်သဇင်ခိုင်၏ မကျန်းမာမှု အကျိုးခံစားခွင့် ငွေကျပ် – ၂၁၈,၄၀၀/- ကို မုဒုံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးမှလည်းကောင်း၊ ဧရာဝတီဘဏ်(သံဖြူဇရပ်ဘဏ်ခွဲ) မှ အာမခံအလုပ်သမား ဒေါ်လှစုထွေး၏ မကျန်းမာမှုအကျိုး ခံစားခွင့် ငွေကျပ် – ၈၄,၀၀၀/- ကို မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဒေါ်သက်သက်ခိုင်မှလည်းကောင်း မိတ်ဖက်ဌာနများ၊ တာဝန်ရှိသူများရှေ့တွင် အသီးသီးခွင့်ပြု ထုတ်ပေးခဲ့ပြီး ဟွန်ဒါ(မြန်မာ)သစ်ပါးလွှာ စက်ရုံ၊ စက်ရုံမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် လူမှုဖူလုံရေး ဆေးခန်းတို့ ပူးပေါင်း၍ ၁-၆-၂၀၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဖိနပ်စက်ရုံမှ အာမခံအလုပ်သမား များအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါ သည်။

မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၅-၆-၂၀၁၈ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ စစ်ကိုင်း-မုံရွာ ရွှေဘိုလမ်းစီမံကိန်း မှ အာမခံအလုပ်သမား (၂၂၆) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်း များကိုဆောင်ရွက်ပေးခဲ့ပြီး၊ လူနာ(၄၂)ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်း လူနာအဖြစ် ကုသပေးရန်လွှဲပြောင်းပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်အလုပ်သမားဆေးရုံ (ထန်းတပင်) မှ လက်ထောက်ဆရာဝန် ဒေါက်တာချိုချိုအေး ဦးဆောင်သောဆရာဝန်များ၊ သူနာပြုဆရာမများပါဝင်သည့် ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၈-၆-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ လှော်ကားလမ်းရှိ Panko Myanmar အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၂၈၄) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြု ထုတ်ပေးခြင်း အခမ်းအနားကို ၈-၆-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေး ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာဝမ်ဘောင်မိုင်းနင်း ကုမ္ပဏီလီမိတက်မှ အာမခံ အလုပ်သမား ဦးရာဇာဌေး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ်- ၉,၀၀၀,၀၀၀/- နှင့် နာရေးစရိတ် ငွေကျပ်- ၆၄၈,၀၀၀/- စုစုပေါင်း ငွေကျပ် – ၉,၆၄၈,၀၀၀/- ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှလည်းကောင်း၊ မြန်မာယန်စီကော့ပါးလီမိတက်မှ အာမခံအလုပ်သမား ဦးအောင်အောင်၏ နာရေးစရိတ် ငွေကျပ်- ၁,၀၆၅,၃၀၂.၂၀/- ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်မှလည်းကောင်း၊ မြန်မာယန်စီကော့ပါး လီမိတက်မှ အာမခံအလုပ်သမား ဦးအောင်ညီစိုး၏ နာရေးစရိတ် ငွေကျပ် – ၈၉၇,၀၉၆.၆၀/ ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်မှလည်းကောင်း၊ မြန်မာ ယန်စီကော့ပါးလီမိတက်မှ အာမခံအလုပ်သမား ဦးသက်ခိုင်၏ ဆေးဖိုးပြန်အမ်း ငွေကျပ် – ၃၈၅,၈၀၀/- ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ထွေးမှလည်းကောင်း၊ အမှတ်(၇၅) သစ်စက်မှ အာမခံအလုပ်သမား ဦးကျော်ဝင်း၏ ဆေးဖိုးပြန်အမ်း ငွေကျပ် – ၁၉၇,၁၀၀/- ကို စစ်ကိုင်းတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးမိုးအောင်ခိုင်မှလည်းကောင်း၊ မြန်မာယန်စီကော့ပါး လီမိတက်မှ အာမခံအလုပ်သမား ဦးမြင့်ဆွေ၏ ဆေးဖိုးပြန်အမ်း ငွေကျပ်- ၈၆,၃၀၀/- ကို စစ်ကိုင်း တိုင်းဒေသကြီး၊ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်မြင့်မြင့်ထွန်းမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ အာမခံအလုပ်သမား ဒေါ်ခင်ဌေးဝင်း၏ဆေးဖိုးပြန်အမ်း ငွေကျပ်- ၇၃,၃၀၀/- ကို စစ်ကိုင်း တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးမှလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား မြန်မာဝမ်ဘောင်ကုမ္ပဏီလီမိတက်၊ အလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦးကျော်မြင့်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ သည်။

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာနများပူးပေါင်း၍ ၁၃-၆-၂၀၁၈ ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၊ စက်မှုဇုန်(၂)၊ ကနောင်မင်းသားကြီးလမ်းရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ သင်တန်းကျောင်း သင်တန်းခန်းမ၌ အလုပ်သမားရေးရာဆိုင်ရာဥပဒေများ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ စက်ရုံ/အလုပ်ရုံ(၂၃) ဌာနမှ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်နှင့် အာမခံအလုပ်သမား စုစုပေါင်း(၇၉)ဦး တက်ရောက်ခဲ့ကြပါသည်။

မွန်ပြည်နယ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာနများ ပူးပေါင်း၍ ၁၄-၆-၂၀၁၈ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စက်မှုဇုန် အစည်း အဝေးခန်းမ၌ အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အာမခံအလုပ်သမား စုစုပေါင်း(၂၉)ဦး တက်ရောက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်အလုပ်သမားဆေးရုံ (ထန်းတပင်) မှ လက်ထောက်ဆရာဝန် ဒေါက်တာချိုချိုအေး ဦးဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၅-၆-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် Shyang Jhue Yue စက်ရုံမှ အာမခံအလုပ်သမား (၃၂၀) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေး ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် သဘာဝဓါတ်ငွေ့ဓါတ်အားပေးစက်ရုံ မှ အာမခံအလုပ်သမား ဦးတင်ထွန်း၏ အလုပ်တွင် ထိခိုက် မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် – ၃,၅၉၁,၀၀၀/- ကို ၇-၆-၂၀၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်မှ မိတ်ဖက်ဌာနများ၊ တာဝန်ရှိသူများရှေ့တွင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ Dong Long အထည်ချုပ်စက်ရုံ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၉-၆-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်လူမှုဖူလုံရေး ရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် Dong Long အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား နော်မူးဂေးဖော၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် – ၂,၂၂၇,၅၀၀/- ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဌေးမှလည်းကောင်း၊ Hakers Enterprise အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား နော်စေးကပေါ၏ အလုပ်တွင်ထိခိုက် မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် – ၂,၇၈၁,၀၀၀/- ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မြို့နယ်တာဝန်ခံအရာရှိ ဒေါ်ညွှန့်နွယ်စိုး မှလည်းကောင်း အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး Dong Long အထည်ချုပ်စက်ရုံမှ စက်ရုံမန်နေဂျာနှင့် ကျန်ရစ်သူမိသားစုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။