၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ရန်ကုန်မြို့၊

ရန်ကုန်မြို့၊ ဇူလိုင် လ ( ၂၆ )ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၂၆-၇-၂၀၁၇ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ အရာထမ်း၊ အမှုထမ်း များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အာမခံအလုပ်သမား ဦးအောင်ဇင်သိန်း၏ အလုပ်တွင်ထိခိုက်မှု ကြောင့်အကျိုးခံစားခွင့် ငွေကျပ် ၄,၇၃၉,၂၈၀ိ/- (ကျပ်လေးဆယ့်ခုနှစ်သိန်းသုံးသောင်းကိုးထောင် နှစ်ရာ့ရှစ်ဆယ်တိတိ/-)အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမား ဦးအောင်ဇင်သိန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)အချိန် တွင် ရုတ်သိမ်းခဲ့ပါသည်။
ygn1(26july)