၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား။ ရန်ကုန်တိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဇူလိုင်လ ၂၅ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၂၅-၇-၂၀၁၇ ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ မြန်မာ့မီးရထား၊ အင်ဂျင်နီယာမှူး(စက်မှုဌာန)၊ (တိုင်း-၇)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ၊ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူး၊ အင်ဂျင်နီယာမှူး (စက်မှုဌာန)၊ (တိုင်း-၇)၊ မြန်မာ့မီးရထားမှ အင်ဂျင်နီယာမှူး၊ အရာထမ်းများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့မီးရထား၊ (တိုင်း-၇)၊ အင်ဂျင်နီယာမှူး (စက်မှုဌာန)မှ ဦးဇော်မိုးအေး (အင်ဂျင်နီယာမှူး)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဦးဝင်းဦးမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ သိကောင်း စရာများအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲ (၃)၊ ရန်ကုန်တွင် အကျုံးဝင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာမှူး (စက်မှုဌာန)၊ (တိုင်း-၇)၊ မြန်မာ့မီးရထားဌာနမှ အာမခံ အလုပ်သမား ဦးနေမျိုးတင့်၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစား ခွင့် ငွေကျပ် ၅,၂၉၂,၀၀၀/- (ကျပ်ငါးဆယ်နှစ်သိန်းကိုးသောင်း နှစ်ထောင်တိတိ)အား ခွင့်ပြုထုတ် ပေးခဲ့ပြီး ဦးဇော်မိုးအေး (အင်ဂျင်နီယာမှူး)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အခမ်း အနားကို နေ့လည် (၁၄:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
ygn2(25july)