၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ တောင်ငူမြို့

တောင်ငူမြို့၊ စက်တင်ဘာ လ ၁၅ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၁၅-၉-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ရီ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူရိန်၊ တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းမှ အရာထမ်း၊ အမှုထမ်းများ၊ အကျိုးခံစားခွင့်ရရှိသူနှင့် ၎င်း၏မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်တင်တင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန မှ အာမခံအလုပ်သမား ဒေါ်မေသွင်စိုးဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတန်းမသန်စွမ်းမှု အတွက် ငွေလုံးငွေရင်းအကျိုးခံစားခွင့်ငွေကျပ် ၂,၁၉၇,၁၂၅ိ/- (ကျပ်နှစ်ဆယ့်တစ်သိန်းကိုးသောင်း ခုနှစ်ထောင်တစ်ရာနှစ်ဆယ့်ငါးတိတိ)အား ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ ထို့နောက် အကျိုးခံစားခွင့် ရရှိသူ အာမခံအလုပ်သမားဒေါ်မေသွင်စိုးဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်း အနားကို နံနက် (၁၁:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။