၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား (တောင်ကြီးမြို့)

တောင်ကြီးမြို့ ၊ ဇွန် လ ၂၀ ရက်
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၀-၆-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လူမှုဖူလုံ ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်အေးကြင်မှ အဖွင့်အမှာစကား ပြောကြားပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Taunggyi1

ဆက်လက်၍ ရှမ်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်မှ ပတ္တမြားနဂါးသံမဏိ စက်ရုံမှ အာမခံအလုပ်သမား ဦးကျော်လွင်ဦး၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၃,၅၂၈,၀၀၀/- (ကျပ်သုံးဆယ့်ငါးသိန်း နှစ်သောင်း ရှစ်ထောင် တိတိ/-) အား ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမား ဦးကျော်လွင်ဦး မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
Taunggyi2

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ အရာထမ်း ၊ အမှုထမ်းများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၃၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။