၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ စစ်တွေမြို့

စစ်တွေမြို့၊ ဇူလိုင်လ ( ၁၄ )ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနား ကို ၁၄-၇-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ လူမှုဖူလုံရေးရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပြည်နယ်တာဝန်ခံအရာရှိ၊ မြို့နယ်တာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စစ်တွေမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာဝန်ခံ အရာရှိ ဒေါ်နန်းငွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနပြည်နယ်တာဝန်ခံမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရေအရင်းအမြစ်အသုံးချ ရေးဦးစီးဌာနမှ ဦးသောင်းနိုင်ဦး၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အတွက် အကျိုးခံစားခွင့်ငွေကျပ် ၅,၈၅၆,၄၈၀/- (ကျပ်ငါးဆယ့်ရှစ်သိန်းငါးသောင်းခြောက်ထောင်လေး ရာရှစ်ဆယ်တိတိ)အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ဦးသောင်းနိုင်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ ပါသည်။ အခမ်းအနားကို နေ့လည်(၁၁:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
sittwe
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပြည်နယ်တာဝန်ခံအရာရှိဒေါ်နန်းငွေမှ အဖွင့်အမှာစကားပြောကြားစဉ်

sittwe2
ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ အာမခံအလုပ်သမားဦးသောင်းနိုင်ဦး၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအတွက် အကျိုးခံစားခွင့်ငွေကျပ် ၅,၈၅၆,၄၈၀ိ/-အားလူမှုဖူလုံရေးအဖွဲ့၊ ပြည်နယ်တာဝန်ခံမှ ပေးအပ်စဉ်