၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ ပဲခူးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၆-၈-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်း ဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ လက်ပံတန်းမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မင်းလှမြို့ နယ်၊ စစ်ကွင်းတာဆုံရှိ Great Win စက်သုံးဆီအရောင်းဆိုင်မှ အာမခံအလုပ်သမား ဦးရဲမင်းဖြိုး(ခ) ဦးအောင်မင်းဖြိုး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၂,၄၀၀,၀၀၀/-ကို အာမခံအလုပ်သမား ဦးရဲမင်းဖြိုး(ခ) ဦးအောင်မင်းဖြိုး၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းမော်အား ပဲခူးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်မှ ပေးအပ်ခဲ့ပါသည်။
၂။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြန်မာ့မီးရထားဌာန ဧည့်ခန်းဆောင်ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူ လုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၂၈-၈-၂၀၁၉ ရက် နေ့တွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် မြန်မာ့မီးရထား (သွားလာရေး/တိုင်း)မှ အာမခံအလုပ်သမား ဦးကျော်စိုးမိုး၏လုပ်အား ဆုံးရှုံးမှု ၃၅% အတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၄,၀၇၄,၈၄၀/-ကို အာမခံအလုပ်သမား ဦးကျော်စိုးမိုးအား ပြည်နယ်တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နီလာဆွေမှ ပေးအပ်ခဲ့ပါသည်။