၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီဆေးဖိုးကုန်ကျငွေထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း (ပခုက္ကူ)

ပခုက္ကူမြို့၊ ဇူလိုင်လ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီဆေးဖိုးကုန်ကျငွေ ပြန်လည်ထုတ်ပေးခြင်း အခမ်း အနားကို ၄-၇-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ မြို့နယ်လူမှုဖူလုံရေး ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိဒေါ်နွယ်နီ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ကျော့ကျော့ရီ၊ ဦးစီးအရာရှိ ဒေါ်စိုးစိုးဌေး၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ယုမေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးအရာရှိ ဦးအေးမောင်သိန်း၊ ယူနိုက်တက်အမရဘဏ် မန်နေဂျာဒေါ်ခင်လဲ့ဝင်းနှင့် ဝန်ထမ်း များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းမှ အရာ ထမ်း၊ အမှုထမ်းများ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှတိုင်းဒေသကြီးတာဝန်ခံ အရာရှိဒေါ်နွယ်နီမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ယူနိုက်တက်အမရဘဏ် မှ အာမခံအလုပ်သမားဦးကျော်ခန့်၏ ဆေးဖိုးပြန်လည်ထုတ်ပေးငွေကျပ်- ၂,၀၀၀,၀၀၀/- (ကျပ်နှစ်ဆယ်သိန်းတိတိ)အား ခွင့်ပြုထုတ်ပေးခဲ့ရာ အကျိုးခံစားခွင့်ရရှိသူ ဦးကျော်ခန့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကိုနေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်း ခဲ့ပါ သည်။

Pakhuku 1

Pakhuku 2