၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ ပုသိမ်မြို့

ပုသိမ်မြို့၊ ဩဂုတ် လ ၂၁ ရက် ၊ ၂၀၁၇ ခုနှစ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၁-၈-၂၀၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)မှ တာဝန်ခံ အရာရှိ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ခရိုင်) ရုံးမှ တာဝန်ခံအရာရှိနှင့် ဖိတ်ကြားထား သည့်ဧည့်သည်တော်များ၊ သက်ဆိုင်ရာအလုပ်ဌာနမှတာဝန်ရှိသူများနှင့် အာမခံအလုပ်သမားများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်လှလှထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့၊ မြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ၊ ဦးစီးအရာရှိ ဒေါ်ညွန့်နွယ်စိုးမှ လူမှုဖူလုံရေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ရှေ့ဆောင် ဘဏ်မှ အာမခံအလုပ်သမား ဒေါ်ရီရီဝင်း၏ နှလုံးခွဲစိတ်ကုသမှုအတွက် ဆေးဘိုးကုန်ကျငွေကျပ် ၂,၀၀၀,၀၀၀ိ/-(ကျပ်နှစ်ဆယ်သိန်းတိတိ) နှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ တိုင်းဒေသကြီး ရုံးမှ အာမခံအလုပ်သမား ဦးမျိုးမြင့်သိန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အား ဆုံးရှုံးမှု ငွေလုံးငွေရင်းငွေကျပ် ၁,၂၅၃,၇၀၀ိ/- (ကျပ်တစ်ဆယ့်နှစ်သိန်းငါးသောင်းသုံးထောင် ခုနှစ်ရာတိတိ)တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ ထို့နောက် အကျိုးခံစားခွင့်ရရှိသူအာမခံအလုပ်သမား များကိုယ်စား ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)မှ အာမခံအလုပ်သမား ဦးမျိုးမြင့်သိန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၁:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
Screenshot_3
မြန်မာ့ရှေ့ဆောင်ဘဏ်မှ အာမခံအလုပ်သမား ဒေါ်ရီရီဝင်း၏ နှလုံးခွဲစိတ်ကုသမှုအတွက် ဆေးဘိုးကုန်ကျငွေကျပ်-၂,၀၀၀,၀၀၀ိ/- (ကျပ်နှစ်ဆယ်သိန်းတိတိ)ကို မြို့နယ်လူမှုဖူလုံရေးဆေးခန်း (ကျောက်ငူ)မှ တာဝန်ခံဆရာဝန် Dr. မြသီတာဝင်း မှ ထုတ်ပေးနေစဉ်

Screenshot_1
ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန(တိုင်း)မှ အာမခံအလုပ်သမား ဦးမျိုးမြင့်သိန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု(၁၅%) ငွေလုံးငွေရင်းကျပ်-၁,၂၅၃,၇၀၀ိ/-
(ကျပ်တစ်ဆယ့်နှစ်သိန်းငါးသောင်းသုံးထောင်ခုနှစ်ရာတိတိ)ကို ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ
ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှထွေးမှ ထုတ်ပေးနေစဉ်