၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ ထားဝယ်မြို့

ထားဝယ်မြို့၊ အောက်တိုဘာ လ ၂၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၃-၁၀-၂၀၁၇ ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နှင့်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိများ၊ အရာထမ်း အမှုထမ်းများ၊ အကျိုးခံစားခွင့်ရရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း(၂၇) ဦးတက် ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံ အရာရှိဒေါ်နီလာအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသ ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ လူမှုဖူလုံ ရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိများမှ အကျုံးဝင်နယ်မြေအတွင်းရှိ အလုပ်ဌာန (၁၃) ဌာနမှ အာမခံအလုပ်သမား (၅၆) ဦး၏ ငွေကြေးအကျိုးခံစားခွင့် စုစုပေါင်းငွေကျပ်- ၆,၂၉၈,၁၆၉ိ.၁၀ါ (ကျပ်ခြောက်ဆယ့်နှစ်သိန်းကိုးသောင်းရှစ်ထောင်တစ်ရာခြောက်ဆယ့်ကိုးနှင့်တစ်ဆယ်ပြား) တိတိ တို့အားအသီးသီးပေးအပ်ခဲ့ကြပါသည်။ (အကျိုးခံစားခွင့်ရရှိသည့် အာမခံအလုပ်သမား (၅၆) ဦး ၏အသေးစိတ်စာရင်း)
တနင်္သာရီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ ခွင့်ပြုထုတ်ပေးခဲ့သည့် အကျိုးခံစားခွင့်ရရှိသူများ