၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ မင်းဘူးမြို့

မင်းဘူးမြို့၊ အောက်တိုဘာ ( ၂၄ )ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၄-၁၀-၂၀၁၇ ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေ ရွှေရောင်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အကျိုး ခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိသူများ၏မိသားစုဝင်များ၊ အာမခံအလုပ်ဌာနများမှ အလုပ်ရှင်နှင့် အလုပ်သမားများ စုစုပေါင်း(၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဦးနေမျိုးကျော်မှ အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်း ဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်အိအိသွယ် မှ ၂၀၁၂ခုနှစ် လူမှုဖူ လုံရေးဥပဒေပါသိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဝန်ကြီးဦးနေမျိုးကျော်မှ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဒေါ်ခင်သက်ဦး၏အလုပ်တွင်ထိခိုက်ဒဏ်ရာ ရမှုအကျိုးခံစားခွင့် ငွေကျပ် ၁,၆၂၂,၂၅၀ိ/- (ကျပ်တစ်ဆယ့်ခြောက်သိန်းနှစ်သောင်းနှစ်ထောင် နှစ်ရာ့ငါးဆယ်တိတိ) အားခွင့်ပြုထုတ်ပေးခဲ့ရာ အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမား ဒေါ်ခင်သက်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။