၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း

မန္တလေး ၊ နိုဝင်ဘာ လ ၂၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည်၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၂၉-၁၁-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေး ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ်နှင့် မဟာ အောင်မြေမြို့နယ်တို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေနှင့် ဦးဇော်ဇော် အောင်၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ခရိုင်လူမှုဖူလုံ ရေးရုံး၊ ခရိုင်တာဝန်ခံအရာရှိ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အရာထမ်း၊ အမှုထမ်း များ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဦးလှမြင့်မှအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ DKSH Myanmar Co;Ltd မှ အာမခံအလုပ် သမား ဒေါ်နုမွန်အောင်၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစား ခွင့်ငွေကျပ် ၅,၇၁၇,၂၅၀ိ/- ( ကျပ်ငါးဆယ့်ခုနှစ်သိန်းတစ်သောင်းခုနှစ်ထောင်နှစ်ရာငါးဆယ်တိတိ ) နှင့် ကျားမင်းကြီးအရက်ချက်စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ဇော်ဝင်း၏ အလုပ်တွင် ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၃,၄၂၅,၇၆၀ိ/- ( ကျပ်သုံး ဆယ့်လေးသိန်းနှစ်သောင်းငါးထောင်ခုနှစ်ရာခြောက်ဆယ်တိတိ) တို့အားလည်းကောင်း၊ ကမ္ဘောဇ ဘဏ်၊ ဘဏ်ခွဲ(၁၂)မှ အာမခံအလုပ်သမားဒေါ်လဲ့ရည်ထက်၏ အလုပ်တွင်ထိခိုက်မှုကြောင့်အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့်ငွေကျပ်၂,၁၂၉,၄၀၀ိ/- (ကျပ်နှစ်ဆယ့်တစ်သိန်းနှစ်သောင်းကိုးထောင် လေးရာတိတိ )နှင့် JLPC သစ်အချောထည်စက်ရုံမှ ဦးဖုန်းမော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ငွေကျပ် ၆၈၀,၄၀၀ိ/- (ကျပ် ခြောက်သိန်းရှစ်ထောင်လေးရာတိတိ)တို့အားလည်းကောင်း အသီးသီးခွင့်ပြုထုတ်ပေးခဲ့ရာ အကျိုးခံစားခွင့်ရရှိသူများကိုယ်စား DKSH Myanmar Co;Ltd မှ HR မန်နေဂျာ ဦးကျော် ကျော်စိုးမှကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို(၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။