၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ ပုသိမ်မြို့

ပုသိမ်မြို့၊ နိုဝင်ဘာ လ ၂၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၀-၁၁-၂၀၁၇ ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ Myanmar Knitting အထည်ချုပ်စက်ရုံ ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အကျိုးခံစားခွင့်ရရှိသူ၊ အကျိုးခံစားခွင့်ရရှိသူ၏ မိသားစု ဝင်များ၊ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အလုပ်ရှင်နှင့် အလုပ်သမားများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ Myanmar Knitting အထည်ချုပ် စက်ရုံ စက်ရုံတာဝန်ခံမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်လှလှထွေး မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Myanmar Knitting အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား မအေးသန္တာ၏ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁,၄၅၈,၀၀၀ိ/- (ကျပ်တစ်ဆယ့်လေးသိန်းငါးသောင်းရှစ်ထောင်တိတိ)အား ခွင့်ပြုထုတ် ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမား ဒေါ်အေးသန္တာ၏မိခင်ဒေါ်ရီတင်မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား
အခမ်းအနားကို (၁၃:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါ သည်။