၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ မုဒုံမြို့

မုဒုံမြို့၊ နိုဝင်ဘာလ ( ၂၀ ) ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၀-၁၁-၂၀၁၇ ရက်နေ့ နံနက်( ၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်တာဝန်ခံအရာရှိများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အကျိုးခံစားခွင့်ရရှိသူ၊ အကျိုးခံစားခွင့်ရရှိသူ၏ မိသားစု ဝင်များ၊ အကျုံးဝင်မှတ်ပုံတင်ထားသည့်အလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်သင်းသင်းဦးမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံမှ အာမခံအလုပ်သမား ဒေါ်လှမိုး၏ အမြဲတမ်းလုပ်အားဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့် ငွေလုံးငွေ ရင်း ငွေကျပ် ၁,၆၁၇, ၀၀၀ိ/- (ကျပ်တစ်ဆယ့်ခြောက်သိန်းတစ်သောင်းခုနစ်ထောင်တိတိ)အား ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်သင်းသင်းဦးမှ ထုတ်ပေးခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူကိုယ်စား ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံ၊ စက်ရုံတာဝန်ခံ ဦးညွှန့်ဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။