၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ မုံရွာမြို့

မုံရွာမြို့၊ နိုဝင်ဘာ ( ၁ ) ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁-၁၁-၂၀၁၇ ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသ ကြီးတာဝန်ခံအရာရှိများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အကျိုးခံစားခွင့်ရရှိသူနှင့် အကျိုးခံစားခွင့်ရရှိသူ၏မိသားစုဝင်များ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမား များစုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦး မှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလိမိတက်မှ အာမခံ အလုပ်သမား ဦးမိုးဇော်၏ နှစ်လုံးခွဲစိပ်အစားထိုးကုသမှုအတွက် ဆေးဖိုးကုန်ကျငွေ ငွေလုံးငွေရင်း ငွေကျပ် ၂,၀၀၀,၀၀၀ိ/- (ကျပ်သိန်းနှစ်ဆယ်တိတိ) အားခွင့်ပြုထုတ်ပေးခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။