၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ ပဲခူးမြို့

ပဲခူးမြို့၊ နိုဝင်ဘာလ ၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၁-၁၁-၂၀၁၇ ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူး တိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူးဒေါ်မူမူခင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အကျိုးခံစားခွင့်ရရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ ဆက်လက်၍ အင်းလေးရှုးစက်ရုံမှ အာမခံအလုပ်သမား မောင်ရဲရင့်ကျော်၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်-၃,၄၂၀,၃၆၀ိ/ (ကျပ်သုံးဆယ့်လေးသိန်းနှစ်သောင်းသုံးရာခြောက်ဆယ်တိတိ)၊ Golden Berg Plastic Metal Co.Ltd;မှ အာမခံအလုပ်သမား ဦးလှထွန်း၏ အလုပ်တွင်ထိခိုက်သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၃,၄၇၂,၉၂၀ိ/-(ကျပ်သုံးဆယ့်လေး သိန်းခုနှစ်သောင်းနှစ်ထောင်ကိုးရာနှစ်ဆယ်တိတိ)နှင့် Win & Win သစ်အချောထည်စက်ရုံမှ အာမခံအလုပ်သမား ဦးမာရီပါး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ်-၃,၃၉၅,၅၂၀ိ/-(ကျပ်သုံးဆယ့်သုံးသိန်းကိုးသောင်းငါးထောင်ငါးရာနှစ်ဆယ် တိတိ)တို့အား အသီးသီးပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ အကျိုးခံစားခွင့်ရရှိသူများကိုယ်စား Golden Berg Plastic Metal Co.Ltd; မှ ဒေါ်ကြွယ်ကြွယ်က ကျေးဇူးတင်စကားပြောကြား ခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။