၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား (မုံရွာ)

မုံရွာမြို့၊ ဇူလိုင်လ ( ၁၀ )ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနား ကို ၁၀-၇-၂၀၁၇ ရက်နေ့နံနက်( ၉:၃၀ )နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ မုံရွာမြို့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူး (အာမခံဌာန) နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် ဧည့်သည်တော် များ စုစုပေါင်း( ၈၉ )ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊
monywa1
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းနုမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး အကြောင်းရှင်းလင်းတင်ပြခဲ့ပါသည်။
monywa2
ဆက်လက်၍ Diamond Star Co.Ltd မှ အာမခံ အလုပ်သမား ဦးနိုင်ဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်ကျန်ရစ်သူ အကျိုးခံ စားခွင့်နှင့်နာရေးစရိတ်ငွေကျပ် ၉,၈၈၂,၀၀၀/-( ကျပ်ကိုးဆယ့်ရှစ်သိန်းရှစ်သောင်းနှစ်ထောင်တိတိ)၊
monywa3
စီနိုဟိုက်ဒရိုကုမ္ပဏီမှ အာမခံအလုပ်သမား ဦးမိုးကျော်သူ၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံး မှုအတွက်ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့်နာရေးစရိတ်ငွေကျပ် ၉,၈၁၆,၀၀၀/-( ကျပ်ကိုးဆယ့်ရှစ် သိန်းတစ်သောင်းခြောက်ထောင်တိတိ)
monywa4
နှင့် Aha သောက်ရေသန့်စက်ရုံမှ အာမခံအလုပ်သမား ဦးကျော်မင်းဦး၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် ၁,၉၄၀,၄၀၀/-( ကျပ်တစ်ဆယ်ကိုးသိန်းလေးသောင်းလေးရာတိတိ )
monywa5
အား အသီးသီးခွင့်ပြုထုတ်ပေး ခဲ့ရာ အကျိုးခံစားခွင့်ခံစားခွင့်ရရှိသူများ၏ကိုယ်စား စီနိုဟိုက်ဒရိုကုမ္ပဏီမှ အာမခံအလုပ်သမား ဦးမြင့်စိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ အခမ်းအနားကို နေ့လည် ( ၁၂:၀၀ ) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။